ကလိန်အောင်  ၂၇   ဇူလိုင် 


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် ရေး-ထားဝယ်သွား ကားလမ်းမကြီးပေါ်၌ ဇူလိုင် ၂၆ ရက် ည ၇ နာရီခန့်က လူတစ်ဦး ဓားရှည်တစ်ချောင်းအား ကိုင်ဆောင်ကာ ရမ်းကားနေကြောင်း သတင်းအရ ဒုရဲအုပ် ဖြိုးနိုင်၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်သေများတို့အတူ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့သည်။


ထိုသို့စစ်ဆေးရာ တင်အောင်စိုး(ခ)ကိုဦးသည် အရိုး(၇)လက်မခွဲ၊ အသွား (၂)ပေ (၂)လက်မ၊ အရိုးအသွား စုစုပေါင်း (၂)ပေ (၉)လက်မခွဲခန့်ရှိ  ထိပ်ဦးချွန်အသွားတစ်ဖက်ပါ ဓားရှည်တစ်ချောင်းအား ကိုင်ဆောင်ကာ ရမ်းကားနေကြောင်း တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ရပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ တင်အောင်စိုး (ခ)ကိုဦးအား ကလိန်အောင်မြို့ နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။


သန္တာမိုး