ကမာရွတ် မေ ၁၀

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် လေ့ကျင့်ရေးအထက်တန်းကျောင်း၌ မေ ၉ ရက် နံနက် ၈ နာရီက သင်ရိုးသစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပရာ ရန်ကုန်တိုင်း​ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်း​ဒေသကြီး ပညာ​ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး​ကျော်မိုးထွန်း၊ ညွှန်ကြားရေးမှူး(ပညာ) ဒေါ်ခင်သန်းဦး၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ် ဒုတိယညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး(ဘဏ္ဍာ)၊ ခရိုင်အဆင့် ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

 

သင်တန်းကို မေ ၉ ရက်မှ ၁၁ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သင်ကြားပေးသွားမည်ဖြစ်ပြီး နိုင်ငံတကာစံချိန်မီ၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီသည့် သင်ရိုးကို ရေးဆွဲထားကာ စတင်အကောင်ထည်ဖော် ဆောင်ရွက်​ခြင်းဖြစ်သည်။ အခုဖွင့်လှစ်သည့် Grade-8 တွင် သင်ခန်းစာတစ်ခုစီတိုင်း SoftSkills ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများနှင့်အညီ (၂၁)ရာစု ကျွမ်းကျင်မှုများ 21st Century Skills ပေါင်းသင်းဆက်ဆံရေး၊ ဉာဏ်ရေးဉာဏ်သွေး တစ်ကိုယ်ရေးဖွံ့ဖြိုးမှု အလုပ်အကိုင်ရရှိမှုဆိုင်ရာ ကျွမ်းကျင်မှုများ (Highte Order Thinking Skills) အလေးပေးခြင်းများ ပါဝင်သည်။

 

ရန်ကုန်တိုင်း​ဒေသကြီးအတွင်းရှိ အထက်တန်းနှင့် အလယ်တန်း​ကျောင်းမျာမှ ကျောင်းအုပ်ကြီးများနှင့် အလယ်တန်းပြ ဆရာ/ဆရာမ ၇၃၂ ဦး တက်​ရောက်​ကြ​ကြောင်း သိရှိရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)