ကမာရွတ်  ၁၉  ဩဂုတ်

           

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်များတွင် မွေးမြူထားသော အိမ်မွေး (ခွေး၊ ကြောင်) များအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနမှ  မှတ်ပုံတင်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 

mdn

 

အိမ်မွေး (ခွေး၊ ကြောင်) များအား မွေးမြူခွင့်မှတ်ပုံတင်ပြုလုပ်လိုသူများအတွက် လျှောက်လွှာ တင်ရာတွင် လိုအပ်ချက်များမှာ ကာကွယ်ဆေးထိုးမှတ်တမ်းမိတ္တူ၊ ခွေးဓာတ်ပုံ(၄ × ၆) ရှေ့တစ်ပုံ၊ ဘေးတစ်ပုံ၊ နှစ်ပုံကို တစ်ပါးတည်းယူဆောင်ရန် ယမန်နေ့ နံနက် ၁၀ နာရီက ကမာရွတ်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွင် လာရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် အသားထုတ်လုပ်ရုံများဌာနသည် အိမ်မွေး(ခွေး၊ ကြောင်)များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစ၍ ခေတ်မီနည်းပညာသုံး အိမ်မွေးတိရစ္ဆာန် မှတ်ပုံတင်ခြင်းစနစ် (Digital Pet Registration System)ဖြင့် အိမ်မွေးတိရစ္ဆာန်များတွင် Microchip ထည့်သွင်းပေးပြီး မှတ်ပုံတင်ခြင်းလုပ်ငန်း၊ နှစ်စဉ်မှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

စိမ်းလဲ့(ပြန်/ဆက်)