ကမာရွတ် ၁၅ စက်တင်ဘာ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိရာတွင် ကမာရွတ်မြို့နယ်အတွင်းရှိ Quarantine Center များ နှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် Unlimited Channel Co.Ltd(UC) မိသားစုမှ PPE ဝတ်စုံ (၁၀)စုံ၊ Dettol (၅၀)ဘူး တို့ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ရုံးသို့ လာရောက်လှူဒါန်းခဲ့သည်။
အလားတူ (AIMI TV)မိသားစုမှလည်းကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် Mask (၁၅၀ဝ)အားလာ ရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ လာရောက်လှူဒါန်းမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသိန်းဇော်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)


