ညောင်ဦး ၁၆ စက်တင်ဘာ
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၆ရက် (ယနေ့)တွင် ကျရောက်သည့်ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ညောင်ဦးမြို့ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနက ညောင်ဦးမြို့လမ်းဆုံ မီးပွိုင့်နေရာများနှင့် မဏိစည်သူဈေးပတ်ဝန်းကျင် တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ပညာပေး လက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်းများ ပေးဝေလှုပ်ရှားမှု ပြုလုပ်ခဲ့ကြာင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ဒေါ်ကြူ ကြူလွင်(လက်ထောက်ညွှန်ကြားရေးမှူး)ထံမှ သိရသည်။
၃၅ နှစ်တာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းမှု၊ ရာသီဉတုပြောင်းလဲမှုနှင့်သက်ရှိများအ တွက် အိုးဇုန်းလွှာ အကျိုးပြုမှုအား ညောင်ဦးမြို့လမ်းဆုံမီးပွိုင့်များတွင် အများပြည်သူသိရှိနိုင်ရန် ပညာပေး မြေစိုက်ဘုတ်စိုက်ထူ ပြသထားခြင်း၊ မဏိစည်သူဈေးပတ်ဝန်းကျင်နှင့် လမ်းဆုံနေရာများတွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ ပညာပေးလက်ကမ်းစာစောင် များနှင့် နှာခေါင်းစည်းများအား ညောင်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလွင်နှင့် ဝန်ထမ်းများကာ လိုက်လံဝေပေး မှုပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါ မြေစိုက်ဘုတ်၊ ပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများ ပေးဝေခြင်းအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


