မန္တလေး  ၃  ဇွန် 

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှူဖြင့် မန္တလေးတိုင်းဒေသကြီး စက်ဘီးအဖွဲ့ချုပ်နှင့် မန္တလေး တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့က ကြီးမှူးပြီး ကမ္ဘာ့ကုလသမဂ္ဂမှ သတ်မှတ်လိုက်သည့် ဇွန်လ ၃ ရက်နေ့တွင်ကျရောက်သော (World Bicycle Day) ကမ္ဘာ့စက်ဘီးစီးနင်းပွဲအထိမ်းအမှတ်အဖြစ် လူထုစုပေါင်းစက်ဘီးစီးပွဲကိုယနေ့ ဇွန် ၃ ရက် နံနက် ၅ နာရီခွဲက မန္တလေးမြို့ကျုံးတောင်ဘက် ၂၆ လမ်းရှိ မြို့တော်စည်ပင်ရုံးရှေ့ စုရပ်နေရာ၌ ပြုလုပ်သည်။

 

အဆိုပါ စက်ဘီးစီးနင်းပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်l ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်l လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေး ဦးဝေဇင်၊ (မန္တလေး)အားကာသိပ္ပံကျောင်းအုပ်ကြီး ညွန်ကြားရေးမှူး ဦးမျိုးမြင့်အောင်နှင့် ဌာနဆိုင်ရာများဝန်ထမ်းများ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်မြို့နယ်တို့မှ စက်ဘီးစီးကလပ်အသင်းများမှ စက်ဘီးစီးအားကစားသမားများ၊ လူမှူရေးဘာသာရေးအသင်းအဖွဲ့များl အားကာသိပ္ပံမှစက်ဘီးသမားများ အခြေခံပညာနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများl ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့မှ ကျောင်းသားကျောင်းသူများ၊ စက်ဘီးစီးအားကစားဝါသနာရှင်ပြည်သူများသည် တိုက်ဂါးဘမ်းမှပေးဝေသည့် ကမ္ဘာ့စက်ဘီးစီးပွဲအထိမ်းအမှတ် တီရှပ်များဝတ်ဆင်၍ စက်ဘီးစီးနင်းပွဲ တာလွှတ်စုရပ်သို့ ရောက်ရှိနေရာယူကြသည်။

 

 ရှေးဦးစွာ ကမ္ဘာ့စက်ဘီးစီးနင်းပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။

 

 ထို့နောက် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးက သေနတ် ပစ်ဖောက်၍ တာလွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ ဝန်ထမ်းများအပါဝင် စက်ဘီးစီးအားကစားသမား ဝါသနာရှင်သက်ကြီး၊ သက်လတ်၊ လူငယ်ကျောင်းသား ကျောင်းသူများ ပြည်သူများစုစုပေါင်း ၇၀ဝ ကျော်တို့သည် စုရပ်နေရာမှစတင်၍ ကျုံးတာင်ဘက် ၂၆ လမ်း အတိုင်း လမ်း ၈၀၊ ၁၂ လမ်း၊ ၆၆ လမ်းအတိုင်း ၂၆ လမ်းသို့ ၊ ထိုမှ ကျုံးတောင်ဘက်လမ်းအတိုင်း ကျုံးတစ်ပတ် စီးနင်း၍ တာလွတ် စုရပ်နေရာသို့ စုပေါင်းစက်ဘီးစီးနင်းကာ ပျော်ရွှင်စွာဆင်နွှဲ ပန်းဝင်ရောက်ရှိလာကြပြီး ကိုယ်လက်လှုပ်ရှားကြံ့ခိုင်မှု့ လေ့ကျင်းခန်းများပြုလုပ်ကြသည်။ ယင်းစက်ဘီးစီးအားကစားဝါသနာရှင်ပြည်သူများအား စေတနာရှင်များက ရွိုင်ရယ်ဒီအားဖြည့် အချိုရည် ဘူးများ ပေးဝေခဲ့ကြကြောင်းသိရသည်။ 

 

တင်မောင်(မန်းကိုယ်ပွား)