နေပြည်တော် ၂၄ စက်တင်ဘာ
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့- ၂၀၂၀ အထိမ်း အမှတ် အခမ်းအနား (Tourism and Rural Development Online Seminar) ကို Webinar စနစ်ဖြင့် စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ အစည်းအဝေးကျင်းပပုံများကို ယင်းနေ့တွင် https://facebook.com/ moht.mm/ နှင့် https://tourism.gov.mm/news/live-stream/ တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်