မြစ်ကြီးနား သြဂုတ် ၂၆
ကချင်ပြည်နယ် ၂၀၂၂ ခုနှစ် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းက ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကား ပြောကြားပြီး ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများ အထိမ်းအမှတ် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ လှုပ်ရှားမှု Video Clip ကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ် တို့က ရက်သတ္တပတ် လှုပ်ရှားမှု အထိမ်းအမှတ် ပြသထားသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကာ အသက် ၅ နှစ်အောက် ကလေးငယ်များကို ဗီတာမင် A နှစ်သိန်းအားနှင့် ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရကြွယ်ဝသည့် စားသောက်ဖွယ်ရာများ လိုက်လံတိုက်ကျွေးပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)