ရန်ကုန် ၂၃ ဩဂုတ်
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အခမ်းအနားကို ဩဂုတ်(၂၂)ရက်နေ့ နေ့လယ်(၁)နာရီက အင်းစိန်မြို့နယ်၊ကျန်းမာရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနော်သန္တာဆွေ ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်စန္ဒာအောင်က ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား ပုံကားချပ်တို့ကိုပြသ၍ ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အင်းစိန်မြို့နယ်၊မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့ ဥက္ကဌ ဒေါ်နုယဉ်ဝင်း နှင့်အဖွဲ့များက ကိုယ်ဝန်ဆောင်မိခင်(၃၀) အား အာဟာရဖြစ်ထွန်းစေမည့် ငှက်ပျောသီး၊ အာဟာရပြည့်ဆန်၊ကြက်ဉ၊ဇံကာ၊ စုစုပေါင်းငွေကျပ်(၂၁၀ဝ၀ဝ)ကျပ် တန်ဖိုးရှိ ပစ္စည်းများပေးအပ်ကာ ကျန်း မာရေးဝန်ထမ်းများက ချက်ပြုတ်နည်းများဖြင့် သရုပ်ပြရှင်းလင်း ကျွေးမွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုဦးစီးမှူး ဒေါဇင်မာဦး၊ အင်းစိန်မြို့နယ်၊မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်မှုအဖွဲ့ ဥက္ကဌ ဒေါ်နုယဉ်ဝင်းနှင့်အဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်ကိုယ်ဝန်ဆောင် မိခင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးသန့်(ခရိုင် ပြန်/ဆက်)


