မန္တလေး ၃၀ မေ

ကမ္ဘာ့နိုင်ငံများအထိ ဖြန့်ဖြူးသွားမယ့် UMG မော်တော်ဆိုင်ကယ် အသစ်သုံးမျိုးကို ယနေ့ မန္တလေးမြို့တွင် စတင်မိတ်ဆက်ခဲ့သည်။

အမျိုးသမီးများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားသည့် Selena 125 CC၊ အမျိုးသား၊ အမျိုးသမီးများ စီးနိုင်သည့် Damon 125 CC၊ RT250i တို့ကို မိတ်ဆက်ခဲ့သည်။

Selena 125 CC သည် ရှေးကျသည့်ပုံစံရှိပြီး LED အညွှန်းပြ ကိရိယာများပါရှိသည်။ အရောင်အနေဖြင့် အဖြူ၊ မလှိုင်၊ ရှန်ပိန်၊ အနီ၊ အမည်းရောင် စသဖြင့် ထုတ်လုပ်ထားပြီး ဈေးနှုန်းမှာ ၂,၃၈၀,ဝ၀ဝ (နှစ်ဆယ့်သုံးသိန်းရှစ်သောင်း) ကျပ် ရှိကြောင်း သိရသည်။ 

Damon 125 CC သည် 4 stroke ၊ Sport Type စကူတာ ယာဉ်အမျိုးအစားဖြစ်ပြီး USB အပေါက်၊ သဲအကာ၊ ဆိုင်ကယ်ဦးထုပ် ထည့်ရန် နေရာများပါဝင်သည်။ အဖြူ၊ အပြာ၊ အနီ၊ အမဲရောင်များ ထုတ်လုပ်ထားပြီး ဈေးနှုန်းမှာ ၂၆၈၀ဝ၀ဝ (နှစ်ဆယ့်ခြောက်သိန်းရှစ်သောင်း) ဖြစ်ကြောင်း သိရသည်။

RT250i သည် Spot Biker များအတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး 250CC အင်ဂျင်၊ ရေအေး 4 Stoke စနစ်၊ ABS ဘရိတ်စနစ်များ ပါဝင်သည်။ Smart Key အမျိုးအစား ဖြစ်သည့်အတွက် သော့မဲ့ စနစ်ဖြင့် ဆောင်ရွက်နိုင်သည်။ ရရှိနိုင်သည့် အရောင်များမှာ အဖြူ၊ အပြာ၊ အနီ၊ အမဲရောင်များရရှိနိုင်ပြီး ဈေးနှုန်းမှာ ၅,၉၉၀,ဝ၀ဝ (ငါးဆယ့်ကိုးသိန်းကိုးသောင်း)ရှိကြောင်း သိရသည်။ 

ယခုမိတ်ဆက်ပြသသည့် ဆိုင်ကယ်များကို ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် မိတ်ဆက် ပြသခဲ့ပြီးဖြစ်ကာ လာအို၊ သီရိလင်္ကာနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများတွင် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ မော်လမြိုင်၊ ပုသိမ် စသည့်မြို့များမှတစ်ဆင့် တစ်နိုင်ငံလုံးဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။

အိမို့မို့ခိုင်