ကမမောင်း  ၉   မေ


ကရင်ပြည်နယ်၊ ကမမောင်းမြို့၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများအား ကရင်ရိုးရာ ဝါးညှပ်အကဖြင့် တေးသရုပ်ဖော်အကများကို တတ်ကျွမ်းသည့် ဆရာ၊ ဆရာမများက သင်ကြားပြသပေးလျှက်ရှိသည်။

 

1

 


ကရင်ရိုးရာ ဒုံးယိမ်းအကများကို ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်၊ ချည်ဖြူဖွဲ့မင်္ဂလာ(လိပ်ပြာခေါ်ပွဲ) ၊ ကောက်သစ်စားပွဲ၊မင်္ဂလာပွဲ အခမ်းအနားများတွင် ပျော်ရွှင်စွာဖြင့် စုပေါင်းကကြကြောင်း၊ အဆိုပါ ကရင်လူမျိုးများ၏ ပွဲတော်အခမ်းအနားများတွင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်မောင်မယ်များအား ရိုးရာဝါးညှပ်အက၊တောင်ယာစူးထိုးအက၊  ကြိုးကျစ်အကများကို တေးသရုပ်ဖော်၍ ကတတ်ကြစေရန် လက်ဆင့်ကမ်း၍ သင်ကြားပြသပေးခြင်းဖြစ်ကြောင်း အကနည်းပြဆရာ၊ ဆရာမများက ရှင်းပြပေးသည်။


လင်းသန့်( ပြန်/ဆက်)