ကမမောင်း ၃၀ သြဂုတ်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လူစည်ကားရာ စျေးဝင်း၊ ကားဂိတ်၊ ရပ်ကွက်လမ်းမများတွင် ဆောင်ရွက်ခဲ့ကြသည်။
သံလွင်ဦးစျေးနှင့် နံနက်ခင်းစျေးအတွင်း စျေးရောင်း၊ စျေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရေး၊ နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ရေး၊ လူစုလူဝေးရှောင်ကြဉ်ရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)


