နိုဝင်ဘာ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန မှ ကြီးကြပ်၍  ကမ်းဝေး ငါးဖမ်းသင်္ဘာများ အချိန်မီ ပင်လယ်ပြင်ထွက်နိုင်ရေးအတွက် ကမ်းရိုးတန်း တိုင်းဒေသကြီးဖြစ်သော ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီနှင့် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများသည်  သီတင်းကျွတ် ရုံးပိတ်ရက်များတွင် ငါးဖမ်း/ငါးသယ် ရေယာဉ်များတွင် တပ်ဆင်ထားသော တည်နေရာ သတင်းအချက်အလက်ပေးပို့သည့် VMS စက်များ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြောင်းရွှေ့တပ်ဆင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်စေရေး ညွှန်ကြားချက်နှင့်အညီ ကမ်းဝေးငါးဖမ်းလှေများ၏ VMS များအား Seal တံဆိပ် ချိတ်ကပ်နှိပ်ခြင်းအား ဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်း ဖျာပုံခရိုင်၊ အမာမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသန်းဦးနှင့် အဖွဲ့မှလည်းကောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးကျော်ဆင့်နှင့် ဝန်ထမ်းများမှလည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက်ခမီမြို့ရှိ မီးပြကျွန်းအနီး၌ ပြည်နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် မော်လမြိုင်ခရိုင်ဦးစီးမှူး ဦးလှမင်းဇော်တို့ ဦးဆောင်၍ ဌာနဝန်ထမ်းများမှလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ခရိုင်ဦးစီးဌာနမှူး ဦးသန့်စင်နှင့် ဝန်ထမ်းများမှလည်းကောင်း၊ မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းနောင်ဉီးနှင့် အဖွဲ့မှလည်းကောင်း ငါးဖမ်းလှေများတွင် Seal  တံဆိပ်များ ကပ်နှိပ်ခြင်းကို  ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာန