ကန့်ဘလူ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာနခန်းမတွင် ( ၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်နန်းမြင့်က အာဇာ နည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် အာဇာနည်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လေးစားအတုယူဖွယ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်ဓာတ်များအကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင် များကို ပြသထားရာ ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)