ကန့်ဘလူ ၂၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေအတွက် ရယူအသုံးပြုနေသည့် သောက်သုံးရေကန်များ ရေဝင်ရောက်မှု၊ ရေသိုလှောင်နိုင်မှု အခြေအနေများကို လာမည့်နွေရာသီကာလ၌ သောက်သုံးရေဖူလုံနိုင်မှု ရှိမရှိသိရှိနိုင်ရန်အတွက် နိုဝင်ဘာ ၂၅ ရက်နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်နှင့် ဝန်ထမ်းများက အဖွဲ့များခွဲ၍ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးရွာများ၌ လက်ရှိရေသုံးစွဲနေမှု၊ ရေအရင်းအမြစ်အခြေအနေ၊ ရေသိုလှောင်နိုင်မှု (ရေလက်ကျန်) အခြေအနေများကို ကြိုတင်ပြင်ဆင်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး မိုးဦးနောက်ကျမှသာ ရေရှားပါးနိုင်သည့် ကျေးရွာ အနည်းငယ်ရှိနိုင်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


