ကျွန်းစု   ၁၂   ဩဂုတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ဩဂုတ်လ (၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ပျက်စီးဆုံးရှုံးသွားသော နေအိမ်များအတွက် ဩဂုတ် ၁၁ ရက် နံနက်(၁၀)နာရီခွဲက မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ပေးအပ်ရာတွင် ပြီးခဲ့သည့်အပတ်က မိုးသည်ထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် ပြိုကျပျက်စီးသွားသော လူနေအိမ်(၁၇)လုံးနှင့် (၁၃)အိမ်မှာ တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ပြီး လေဘေးသင့်ပြည်သူ ၁၇၂ ဦးရှိရာ ၎င်းတို့အတွက် မြိတ်ခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနက အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၃၀၇၀ဝ၀ဝ၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ  ပုံး ၂၃ ပုံး၊ ဆန်ဖိုး တစ်ဦးလျှင် တစ်ရက်ကို ငွေကျပ် ၂၁၀ဝ   နှုန်းဖြင့် တစ်ပတ်စာ ငွေကျပ် ၃၆၁၂၀ဝ၊ ဒဏ်ရာရဆေးရုံတက်လူနာ(၁)ဦးအတွက် ထောက်ပံ့ငွေကျပ် ၅၀ဝ၀ဝ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၃၄၈၁၂၀ဝ၊ မြို့နယ်ကြက်ခြေနီးအသင်းက Hygiene Kit(၂၀)၊ အမိုးအကာ (၂၀)၊ မိသားစုသုံးပစ္စည်းများ ပါဝင်သော Dignity Kit – (၂၇)၊ တစ်ကိုယ်ရေသုံးပစ္စည်း များ တို့ကို မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး၊ မြိတ်ခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဒု-ဉီးစီးမှူး ဒေါ်မြစောနွယ်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့/မှူး ဦးကျော်နိုင်နှင့် တပ်ဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

သတင်း - စည်သူရအောင်(ကျွန်းစု)