ကျွန်းစု ၂၂ မေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ကျွန်းစုမြို့မဈေးအတွင်း၌ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းများတွင် မြို့မဈေးအတွင်း (၁၂ပေ×၉ပေ×၂၀ပေ) ရှိဂါလန် ၂၆၀ဝ ဆံ့ Rc စင်မြင့်ရေစင်သည် ငွေကျပ် (၆၂)သိန်းဖြင့် အကုန်ကျခံကာ ဈေးအတွင်းရှိ ဈေးဝယ်သူ၊ ဈေးဝယ်သားများ သောက်သုံးရေများနှင့် မီးသတ်ရေစင်အဖြစ် ဆောက်လုပ်ပြီးစီး၍ စတင်အသုံးပြုနေပြီးဖြစ်ကြောင်း၊ မြို့မဈေးတွင် ဆိုင်ခန်း(၉၂)ခန်းရှိသည့်အနက် အမိုးပျက်စီးနေသော (၂၄)ခန်း၏ သွပ်အမိုးပြုပြင်ခြင်းကို ငွေကျပ် (၇၁) သိန်း (၈)သောင်းဖြင့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်းနှင့် ဈေးပျံကျရုံ အုတ်ဖိနပ်တိုင်ပြုလုပ်ခြင်းနှင့် အမိုးလဲလှယ်ခြင်းကို ငွေကျပ် (၄၁) သိန်း (၇)သောင်း တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မတ်လ(၁)ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့တာဖြစ်ပြီး မေလကုန်အတွင်း ပြီးစီး၍ ဈေးသူ၊ ဈေးသားများ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
စည်သူရအောင်(ကျွန်းစု)