ကျွန်းစု ၃ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အမြန်ရေယာဉ်ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူများက မြိတ်မြို့သို့သွားရောက်မည့် ခရီးသည်များနှင့် ရေယာဉ်လိုက်ပါစီးနှင်မည့်သူများ (၂၀ဝ)ဦးအား ကျွန်းစုမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆိပ်ခံတံတား၌ ညနေ (၃) နာရီအချိန်က ရေကြောင်းအန္တရာယ်ကင်းရှင်းရေးလိုက်နာရန်ကြေငြာချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် ရေယာဉ်တွင် သတ်မှတ်ထားသော အသက်ကယ်ပစ္စည်းများနှင့် မီးသတ်ကိရိယာများ အမြဲတမ်း အပြည့်အစုံထားရှိရန်၊ သတ်မှတ်ထားသော ခရီးသည်ဦးရေနှင့် ဝန်တင်မျဉ်းထက် ပိုမတင်ရ၊ စသည်ရေယာဉ်ပိုင်ရှင်များ လိုက်နာရန်စည်းကမ်းများ၊ ဆိပ်ကမ်းအကပ်/အခွါတွင် ခရီးသည်များအား အန္တရာယ်ကင်းနေရာတွင်ရှိစေပြီးမှ ကပ်/ခွါပြုလုပ်ရန်၊ စသည်ရေယာဉ်မောင်းသူများ လိုက်နာရန်စည်းကမ်းများနှင့် လူနေထိုင်ရမည့်နေရာမဟုတ်သည့် (ခေါင်းမိုး၊ လှေဦး၊ လေးလက်ရမ်း)တို့တွင် စီးနင်းမှုမှ ရှောင်ကြဉ်ရန်၊ ရေယာဉ်ဆိပ်ကမ်းသို့ သေချာစွာ ကပ်ပြီးမှ တက်/ဆက် ပြုလုပ်ရန် စသည်ခရီးသည်များ လိုက်နာရန် စည်းကမ်းများ၊ လိုက်နာမှုမရှိပါက မြိတ်မြို့ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များအား ခရီးသွားပြည်သူများနှင့် ရေယာဉ်လိုက်ပါ စီးနှင်မည့်သူများ (၂၀ဝ)ဦးအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)