ကွန်ဟိန်း ၁၀ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ပြဘုတ်တွင် အများပြည်သူများ အသိပညာဗဟုသုတများ ရရှိလာစေရန်၊ ကျန်းမာရေး ဗဟုသုတများရရှိလာစေရန်၊ နွေရာသီကာလအတွင်း ဆောင်ရန်/ ရှောင်ရန်များအား သိရှိလာစေရန်ရည်ရွယ်၍ မေလ(၁၀)ရက်နေ့မှစတင်၍ ပြသဆောင်ရွက်ခဲ့ပါသည်။
အဆိုပါပြသမှုတွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု လုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဓါတ်ပုံများ၊ စာစောင်များနှင့် အခြားဗဟုသုတရရှိစေမည့် အကြောင်းအရာများအား ပြသထားပြီး ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ကြည့်ရှုလျှက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရှိရသည်။
MDN