ကွန်ဟိန်း ၇ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးခြင်းများ လိုက်လံဆော်ဩမှုအား စက်တင်ဘာလ ၇ ရက် နံနက် ၉ နာရီခန့်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အတွင်း ဒေသခံပြည်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် လိုက်နာရမည့် စည်းကမ်းချက်များ၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ စည်းကမ်းလိုက်နာခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများအား ရှမ်း+မြန်မာ ဘာသာနှစ်မျိုးဖြင့် သီချင်းများဖွင့်လှစ်ပေးခြင်း၊ ကြေညာပေးခြင်း၊ အသိပညာပေး ပိုစတာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။
ယင်းသို့ လိုက်လံအသိပညာပေးခြင်းအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သူနာပြု အဆင့်(၁) ဆရာမ ဒေါ်နန်းကြာရွှေနှင့် ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာများသည့် နေရာများ၊ ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


