ကွန်ဟိန်း ၉  အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကုန်စည်စီးဆင်းမှုပြတ်တောက်မှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းအား ယနေ့  နံနက် ၉ နာရီခန့်က လိုက်ကမ်ကျေးရွာအုပ်စု နမ့်ဟိုင်းကျေးရွာ၌  ဆောင်ရွက်သည်။

 

အဆိုပါစစ်ဆေးခြင်းအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုများကြောင့် မြို့နယ်အတွင်းသို့ ဝင်ထွက် သွားလာလျက်ရှိသော ကုန်တင်ယာဉ်များ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးအတွက် ကုန်တင်ယာဉ်များနှင့် စပ်လျဉ်း၍ ညအိပ်/တစ်ထောက် ရပ်နားနေရာများတွင် ဆောင်ရွက်ရမည့်အချက် ၅ ချက်၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လိုက်နာဆောင်ရွက်ရမည့် အချက် ၁၀ ချက်ပါဝင်သည့် စံသတ်မှတ်ချက် (Standard Operating Proceture-SOP)များနှင့် အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 

ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီ ဉက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်မင်းဝင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)