ယင်းမာပင်    ၃ဝ   မေ

ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးနှင့် မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲရေး တောင်သူပညာပေး ဆွေးနွေးပွဲကို မေ ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ကင်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကနီမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦအောင်မျိုးဝင်းက ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ပတ်သက်၍ ငမြှောင်တောင်ပိုးမွှား (Fall Armyworm) မျိုးစိတ်အသစ်ဖြစ်သည့်  ဘဝစက်ဝန်းအကြောင်း၊ နေထိုင်စားသောက် ဖျက်ဆီးပုံများနှင့် ကာကွယ်နှိမ်နင်း နည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

mdn

 

ထို့နောက် ဒုတိယဦးစီးမှူး ဦးကိုကိုအေးက သီးနှံမျိုးစေ့ မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲရေး၊ SRI စိုက်နည်းစနစ်နှင့် စပါးအထွက်နှုန်း တိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဟောပြောပွဲတွင် တက်ရောက်လာသော တောင်သူများမှ သီးနှံဖျက်ပိုး ကာကွယ်နှိမ်နင်းရေး၊ စိုက်နည်းစနစ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းမှုများကို စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားတာဝန်ခံနှင့် မျိုးစေ့တာဝန်ခံများမှ  ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)