ကြံခင်း၊ ၂ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ မြို့နယ်ပြည်သူဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အောက်ဆီဂျင်စက်နှင့် အလှူငွေလှူဒါန်းခြင်းကို ဒီဇင်ဘာ ၁ ရက်က ကြံခင်းမြို့ ပြည်သူ့ဆေးရုံရှိ သင်တန်းဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ လှူဒါန်းခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး သရဖူရွှေဆိုင်၊ ဇေမိသားစု ကျောက်လုပ်ငန်း၊ ရွှေပြည်ဝင်း ဆန်စက်၊ ဇေယျာဖြိုး မိသားစုတို့က အောက်ဆီဂျင်စက် တစ်လုံးလျှင် ငွေကျပ် ၅၈၈၀၀၀ တန်ဖိုးရှိသော အောက်ဆီဂျင်စက် ငါးလုံးကို လှူဒါန်းခဲ့သည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင် ၁၄ ဦးတို့က စုပေါင်းကာ ငွေကျပ် ၅၈၈၀၀၀ တန်ဖိုးရှိ အောက်ဆီဂျင်စက် တစ်လုံးနှင့် အလှူငွေကျပ် ၁၅၂၀၀၀ ကို ပေးအပ်လှူဒါန်းကြရာ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးမှူး ဒေါက်တာဝင်းနိုင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့သည်။ ထို့နောက် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)


