ကြံခင်း၊ ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မွေးစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ဧပြီ ၂ ရက် နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်နှင့် ဘက်စုံသားဖွား ဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေး ဟောပြောကာ မွေးစမှ (၁) နှစ်ခွဲထိ ကလေးငယ်များအား ပိုလီယိုရောဂါ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (ရိုတာ) ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ (ဘီ) ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
