ကြံခင်း       ၉      မေ                 


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံးမှု မရှိစေရန် ခွေးရူးရောဂါကာကွယ် ဆေးများ အခမဲ့  ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကြံခင်းမြို့ပေါ်ရှိ မြို့မ၊ ရွာသစ်၊ ရွှေတောင်စု ရပ်ကွက်၊ ဘက်ရဲမြို့ ရပ်ကွက် (၁)၊ (၂) တို့ရှိ အိမ်မွေးခွေးများနှင့် ဌာနဆိုင်ရာရုံးများရှိ ခွေးများကို လိုက်လံထိုးနှံပေးနေကြောင်း သိရသည်။


အဆိုပါ ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ကြံခင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကိုက ဧရာဝတီတိုင်းဒေသကြီး ရန်ပုံငွေဖြင့် ကြံခင်းမြို့နယ်အတွက် ကာကွယ်ဆေးအလုံး(၃၀ဝ)ရရှိကြောင်း ကာကွယ်ဆေးကို မေလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ စီမံချက်ရေးဆွဲပြီး လိုက်လံဆေးထိုးပေးခဲ့ရာ ယနေ့ထိ ခွေးကောင်ရေ (၇၀) ထိုးနှံပေးပြီးဖြစ်ကြောင်း သက်မှတ်ရက်အတွင်း အကောင်ရေ (၃၀ဝ) ပြည့်မီစေရန် ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ပို့ပို့ (ပြန်/ဆက်)