ကြံခင်း    ဇန်နဝါရီ    ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် စည်ပင်သာယာဈေးနယ်နိမိတ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ပြည်သူများ၊ ဈေးဆိုင်ခန်းများ၊ မြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းက ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချနိုင်ရန်အတွက် (အပတ်စဉ်)တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ်  သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး အသိပညာပေးခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။

 

ထိုသို့ အသိပညာပေးခြင်းကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့်  တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ ပူးပေါင်းပြီး အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များစသည့် အသုံးဆောင်ပစ္စည်းများအား ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာ/ဂျာနယ်စက္ကူများဖြင့် အစားထိုး သုံးစွဲရောင်းချနေခြင်းအား လှည့်လည်ကြည့်ရှုအသိပညာပေးခြင်း ဆောင်ရွက်ကြသည်။ 

 

ကြံခင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တော်သန့်ရှင်းသာယာလှပစေရန် ဈေးအတွင်း၊ အပြင်ရှိအမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်အမှိုက်ပုံးများထားရှိပေးခြင်း၊ ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့နည်းစေရန်(အပတ်စဉ်) လိုက်လံကြည့်ရှု အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)