ကြံခင်း ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် စည်ပင်သာယာဈေးနယ်နိမိတ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်ပြည်သူများ၊ ဈေးဆိုင်ခန်းများ၊ မြို့မဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်ပြည်သူများကို ယမန်နေ့နံနက်ပိုင်းက ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့ချနိုင်ရန်အတွက် (အပတ်စဉ်)တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး အသိပညာပေးခြင်းကို ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ ပူးပေါင်းပြီး အသားငါးများနှင့် ဟင်းသီး၊ ဟင်းရွက်များစသည့် အသုံးဆောင်ပစ္စည်းများအား ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောရွက်၊ သတင်းစာ/ဂျာနယ်စက္ကူများဖြင့် အစားထိုး သုံးစွဲရောင်းချနေခြင်းအား လှည့်လည်ကြည့်ရှုအသိပညာပေးခြင်း ဆောင်ရွက်ကြသည်။
ကြံခင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့တော်သန့်ရှင်းသာယာလှပစေရန် ဈေးအတွင်း၊ အပြင်ရှိအမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန်အမှိုက်ပုံးများထားရှိပေးခြင်း၊ ပလတ်စတစ်အိတ်သုံးစွဲမှု လျှော့နည်းစေရန်(အပတ်စဉ်) လိုက်လံကြည့်ရှု အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)