ကန်ကြီးထောင့်   ၂၅  ဇူလိုင်


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများအား ကွန်ပျူတာ စာရင်းထည့်သွင်းပြုစုနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံမင်းမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးမှ အခြေခံမဲဆန္ဒရှင်စာရင်းများအား ကွန်ပျူတာစာရင်း ထည့်သွင်းပြုစုနိုင်ရေး ကိစ္စရပ်များနှင့် ပက်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။


ဆွေးနွေးပွဲတွင် တက်ရောက်လာသော ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ မဲဆန္ဒရှင်စာရင်း ပြုစုရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။


နန်းထိုက် (KGD)

 

14