ကန်ကြီးထောင့်   ၂၇  ဩဂုတ်

ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးသယံဇာတများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စပါးခင်းများအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ် ၂၇ ရက်၊ နံနက် ၈ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ ပြုလုပ်ခဲ့သည်။

 

ငါးမျိုးစိုက်ထည့်ပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဦးသော်ထွန်းဦး၊ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူးနှင့် ဝန်ထမ်းများမှ ငါးခုံးမ ကောင်ရေ ၅၀၀၀၀၊ ငါးရွှေဝါ ကောင်ရေ ၅၃၅၀၀ စုစုပေါင်း ငါးမျိုးကောင်ရေ ၁၀၃၅၀၀ ကို ဝါးဒူးကျေးရွာ၊ စံပြစပါးခင်းများအတွင်းသို့ စိုက်ထည့်ခဲ့ကြပြီး တောင်သူများထံ ငါးသားပေါက်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)