ကန်ကြီးထောင့် ၃ဝ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်လျှော့ချနိုင်ရေးအတွက် ပျိုးပင်ပေါင်း ၂၇၀ဝ၀ စုပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ကန်ကြီးထောင့်မြို့နယ် သစ်တောပျိုးဥယျဉ်တွင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ယူကလစ်နှင့် မန်ဂျန်ရှား စုစုပေါင်း ပျိုးပင် ၂၇၀ဝ၀ ကို ပျိုးထောင်ထားပြီး အဆိုပါ ပျိုးပင်များကို မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စုပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင် မိမိအစီအစဉ်ဖြင့် စိုက်ပျိုးမည့် ပရဟိတအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သစ်ပင်ချစ်သူများနှင့် ပြည်သူများကိုလည်း အရိပ်ရပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
နန်းထိုက် (KGD)
