mdn

ကန်ကြီးထောင့်  ၁၅    ဩဂုတ်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဩဂုတ် ၁၄ ရက် နံနက် ၉ နာရီက ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်လည်၍ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အပင်နှစ်ဆယ်ကျေးရွာ၊ ကိုးသောင်း၊ တကုန်းကြီး၊ ရေကျော်နှင့် ကံကုန်း ကျေးရွာတို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးကြိုတင်ကာကွယ်‌ရေးဆိုင်ရာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာ‌ေပးကြေညာခဲ့ပြီး သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)