ကန်ကြီးထောင့်   ၁၇  ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများမှ ပျံကျဈေးသည်များ အတွက် ယာယီ‌‌ဈေးများကို ဧပြီ ၁၇ ရက်၊နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

4499

 

ဈေးရောင်းဈေးဝယ် ပြည်သူများ အဆင်ပြေ‌စေရေးအတွက် ယာယီဈေးများကို အမှတ် ၁ ရပ်ကွက်၊ ကမ်းနားလမ်းနှင့် မြင်းကဆိပ်ကျေးရွာ မြင်းကဆိပ်ဘောလုံးကွင်းအတွင်းတို့တွင် ဖွင့်လှစ်ထားရှိပေး သွားမည်ဖြစ်ပြီး ဈေးရောင်းသူ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ၊ ဈေးဝယ်သူများက ၃ပေ အကွာ ကြိုးတားထားသည့်‌ နေရာမှ ဈေးဝယ်ရမှာဖြစ်ပါတယ်။ ယာယီဈေးအားလုံးမှာ လက်ဆေးရန်နေရာ‌တွေကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပြီး ဈေးရောင်း ဈေးဝယ်ပြည်သူအားလုံး နှာခေါင်းစည်းများ တပ်ဖို့ အသိပေးပြောကြားထားပါတယ် ဟု  မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်ထံမှ သိရသည်။

 

41285

 

ပျံကျ‌ဈေးသည်များအတွက် ယာယီဈေးများကို ဧပြီ ၁၈ ရက်၊နံနက်မှစတင်ရောင်းချခွင့်ပြုသွားမှာဖြစ်ပြီး ဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။

 

နန်းထိုက် (ပြန်/ဆက်)

 

44943