ကျွန်းလှ ၁၇ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှ-သဖန်းဆိပ်သွား ရွှေကျွန်းပင်တံတားအား အလှူရှင်လှူဒါန်းမှုဖြင့် တည်ဆောက်လျှက်ရှိကြောင်း သိရသည်။
ယခင်သစ်သားတံတားဖြစ်ပြီး ရေတိုက်စား၍ ပျက်စီးနေကြောင်း ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် (အရှည်၂၄×အကျယ်၁၀)ပေ သံကူကွန်ကရစ် (RC)တံတားကို ငွေကျပ်သိန်း(၅၀)ကုန်ကျခံပြီး ပြန်လည်တည်ဆောက်ခြင်းဖြစ်ကြောင်း မန္တလေးမြို့Unique Super Power(USP) ကုမ္ပဏီပိုင်ရှင် ဦးမျိုးမင်းထွန်း+ဒေါ်ဇာနည်ဝင့် မိသားစုတို့က လှူဒါန်းခြင်းဖြစ်ကြောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်တင်က ပြောကြားသည်။
အဆိုပါတံတား အရည်အသွေးပြည့်မီပြီး အမြေန်ပြီးစီးရန် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လင်းနှင့် တာဝန်ရှိသူတို့က မေ ၁၇ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)
