ကျွန်းလှ ၈ စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင် ရပ်ကွက်ဈေးအနီးတွင် မီးရထားသံလမ်း ဖြတ်ကူးသူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် သံလမ်းခုံးကျော်အား လမ်းချဲ့ခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 

အဆိုပါ သံလမ်းခုံးကျော်အရှည် (၂၄) ပေနှင့် ကွန်ကရစ်ချင်းကပ်လမ်း တစ်ဖက်ပေ (၄၀) ကိုငွေကျပ် (၄၀) သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြန်မာ့မီးရထား၊ သစ်ရာမြိုင်ဈေးကော်မတီနှင့် အလှူရှင်များ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)