ကျွန်းလှ ၂၆  သြဂုတ်  


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စည်ပင်သာယာရေးကော်မတီမှ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော သံကူကွန်ကရစ်တံတားတည်ဆောင်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးကြောင်းသိရသည်။


ထိုတံတားတည်ဆောက်နေခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် တာဝန်ရှိသူတို့က သြဂုတ်၂၅ရက်နေ့က စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး ကွင်းဆင်းစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ ဒေါ်မေဇော်ကို ကရှင်းလင်းကြောင်းသိရသည်။


အဆိုပါ (အရှည်၂၄×အကျယ်၁၆×အမြင့်၁၈)ပေ ခံနိုင်ဝန်(၁၂)တန် သံပေါင်ယက်မကွန်ကရစ်တံတားအား ခွင့်ပြုငွေကျပ်(၂၅၆ဒသမ၉)သိန်းဖြင့် ဆောင်ရွက်ကြောင်းသိရသည်။


မျိုးဝင်းညို   (ကျွန်းလှ)