ကျွန်းလှ ဇွန် ၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းသား၊ ကျောင်သူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာစာသင်ကျောင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နောက်ကျသည့် ကျောင်းသား၊ ကျောင်းသူများအား လက်ခံပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများတွေ့ဆုံ၍ လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)