ကျွန်းလှ   ၉  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင် ထောပတ်ခရမ်းစိုက်ပျိုးသူများ အောင်မြင်ပြီး ဈေးကောင်းရရှိနေကြကြောင်း သိရသည်။

 

ထောပတ်ခရမ်းကို မြေအောက်ရေဖြင့် ရာသီမရွေးစိုက်ပျိုးကြသော်လည်း မိုးရာသီတွင် အဓိက စိုက်ပျိုးကြကြောင်း၊ တစ်ကျင်းနှင့်တစ်ကျင်း ခြောက်ပေခြားပြီး အပင်(၂၀၀)စိုက်ပျိုးထားကြောင်း၊ မျိုးဖိုး၊ မြေဩဇာဖိုး၊ ဆေးဖိုး၊ လုပ်အားခငွေကျပ် တစ်သိန်းခန့် ကုန်ကျကြောင်း၊ ယခုအခါ တစ်နေ့ ခရမ်းသီး (၁၅)ပိဿာ ကျော်ထွက်ရှိပြီး တစ်ပိဿာငွေကျပ် (၁၀၀၀)ရောင်းရကြောင်း၊ မိသားစု တစ်ရက် ဝင်ငွေ ကျပ်(၁၅၀၀၀)ခန့် ရရှိကြောင်း ခရမ်းစိုက်တောင်သူ  ဦးအောင်ငြိမ်းက  ပြောကြားသည်။

 

ကျွန်းလှမြို့နယ်တွင်  ခရမ်း(၅၂)ဧက  စိုက်ပျိုးထားပြီး  တောင်သူများအား  သဘာမြေဩဇာသုံးစွဲရေး၊ သဘာဝပိုးသတ်ဆေးသုံးစွဲရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)