ကျွန်းလှ  ၂၃    မေ    

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် မေ ၂၂ ရက် ညနေ ၆ နာရီက လေပြင်းတိုက်ခတ်သဖြင့် စုစုပေါင်း လူနေအိမ် ၂၆ လုံး၊ စာသင်ကျောင်းဆောင် နှစ်ဆောင်တို့ အမိုးလန် ပျက်စီးခဲ့ပြီး သွပ် ၅၂၇ ချပ် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ထိုလေပြင်းတိုက်ခတ်၍ မယားသာကျေးရွာအုပ်စု မယားသာကျေးရွာတွင် လူနေအိမ်(၁၇)လုံး၊ ဘုန်းတော်ကြီးကျောင်း ဇရပ်နှင့် စာသင်ကျောင်းဆောင်တစ်ဆောင်၊ သစ်ချိုကျေးရွာအုပ်စု သာစည်ကျေးရွာတွင် လူနေအိမ် (၉)လုံး၊ စာသင်ကျောင်းဆောင်တစ်ဆောင်တို့ အမိုးလန်ပျက်စီးသွားပြီး စုစုပေါင်းသွပ် (၅၂၇)ချပ် ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါကျေးရွာများသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ဝင်များ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ/ ကျေးရွာတာဝန်ရှိသူများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရှိခြင်းမရှိကြောင်း သိရသည်။


 
မျိုးဝင်းညို   ကျွန်းလှ