ကျွန်းလှ ၆  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် လွှတ်တိုက်ကျေးရွာအုပ်စု မဒေါင်ကျေးရွာ အနီးတွင် ဆောင်ရွက်လျက်ရှိသည့် မဒေါင်လျှပ်စစ်ရေတင်စီမံကိန်းလုပ်ငန်းများမှာ လုပ်ငန်း၏ (၉၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ သိရသည်။

 

mdn

 

မဒေါင်လျှပ်စစ်ရေတင် စီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်ခဲ့ပြီး၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုအခါပင်မ‌မြောင်းပေ ၇၈၀ဝ ၊လက်တံ(၇)ခု၊ မြေကော်မြောင်း ပေ ၃၀ဝ၀ ၊လယ်ကြားမြောင်းပေ ၃၀ဝ၀ဝ ဖောက်‌လုပ်ပြီးကြောင်း၊ သဖန်းဆိပ် ဆည်ရေအမှတ် (၅၃၂)ပေ ရောက်လျှင် တောင်သူများရေလိုအပ်ပါက ပေးဝေနိုင်ရန်စီစဉ်နေကြောင်း စီမံကိန်းလုပ်ငန်းတာဝန်ခံ ဦးစီးအရာရှိ ဦးမြင့်နိုင်က ပြောကြားသည်။

 

“ကျွန်တော့မှာ လယ်ယာ‌မြေ(၉)ဧကရှိပါတယ်။ အရင်ကမိုးရေကို အားကိုးပြီးစိုက်ပျိုးခဲ့ကြရပါတယ်။ မိုးရွာသွန်းမှုနည်းချိန်မှာ သီးနှံအထွက်နှုန်း မကောင်း၍ တောင်သူတွေ အရှုံးနဲ့သာ ရင်ဆိုင်ကြရပါတယ်။ ယခုလျှပ်စစ်ရေတင်စီမံကိန်းကနေ ရေပေးနိုင်ပြီဆိုပါက ရာသီမရွေး တိုးချဲ့စိုက်ပျိုးနိုင်မှာ ဖြစ်ပါတယ်ဟု မဒေါင်ကျေးရွာနေ တောင်သူဦး ဆယ်မောင်က ပြောပြသည်။

 

အဆိုပါ မဒေါင်လျှပ်စစ် ရေတင်စီမံကိန်းကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၄၀၁ဒသမ၅)သန်းဖြင့် အွန်ဟော် ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပြီး လယ်ဧက (၆၀ဝ)၊ ယာဧက (၁၅၀) စုစုပေါင်း လယ်ယာမြေဧက(၇၅၀)ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)