ကျွန်းလှ ၆ စက်တင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရေရှင်- သိုက်တော- လှည်းချောင်းကူး- မယားသာ- ကန်ဇွန်းကျေးရွာလမ်းပေါ်ရှိ နန်းကြီးသာချောင်းကူးတံတား ရာနှုန်းပြည့်ပြီးစီး၍ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါတံတားသည် အရှည်(၂၀၀)ပေ၊ အကျယ်(၁၈)ပေ၊ လူသွားလမ်းအကျယ်(၁)ပေ၊ သတ်မှတ်တန်ချိန် တန်(၆၀)၊ သံကူကွန်ကရစ်၊ ကွန်ကရစ်ကြမ်းခင်းတံတားဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ်(၅၆၀)သန်းဖြင့် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၄)က တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

 

နန်းကြီးသာချောင်းကူးတံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းကျေးရွာများ၊ ကောလင်းမြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ်ကျေးရွာများ စုစုပေါင်းကျေးရွာ(၄၀)ကျော်ရှိ ဒေသခံပြည်သူများ ရာသီမရွေး သွားလာရေးအဆင်ပြေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးဝင်းညို (ကျွန်းလှ)