ကျွန်းလှ ၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် အာဆီယံသပြေ စိုက်ပျိုးသူများ မိသားစုဝင်ငွေ ရရှိနေကြောင်း သိရသည်။
“အာဆီယံသပြေပန်းကို အဓိကထားပြီး စိုက်ပျိုးလာခဲ့တာ ၅ နှစ်ရှိပါပြီ။ ယခုအခါ အပင်ရေ (၃၀၀)ကျော် စိုက်ပျိုးထားပါတယ်။ မြို့ပေါ်ဈေးတွေမှာ ရောင်းချနေတဲ့ ဖောက်သည်တွေက ခြံထိလာရောက်ပြီး လက်တစ်ဆုပ်တစ်စီးကို ငွေကျပ် ငါးရာနဲ့ ဝယ်ယူကြတဲ့အတွက် တစ်နေ့ကိုငွေကျပ် တစ်သောင်းကျော် ရရှိပါတယ်။ သပြေပန်းဟာ အခြားအပင်တွေလို ပြုပြင်ထိန်းစရာမလိုတဲ့အတွက် တောင်သူတွေ စိုက်ပျိုးသင့်ပါတယ်။” စု အင်ကြင်းမြိုင်ရပ်ကွက် သပြေပန်းစိုက်သူ ကိုသာခန့်က ပြောသည်။
သပြေပန်းကို မိမိတို့ နေအိမ်ခြံများအတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ နွေ၊ မိုး၊ ဆောင်း ရေတင်စိုက်ပျိုးကြသော်လည်း မိုးရာသီမှာ အထွက်နှုန်းကောင်းကြောင်း၊ ဒေသခံပြည်သူများလည်း အလုပ်အကိုင် ရရှိနေကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


