ကျွန်းလှ  ၆  ဇူလိုင်   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇူလိုင်  ၆ ရက်နေ့နံနက် ၉ နာရီကဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

 

သင်တန်းနည်းပြ ဒေါ်လဲ့လဲ့မော်က ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်မှာ မိမိသားစုတိုင်း မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်ကြောင်း/ မိသားစုကုန်ကျစရိတ် သက်သာပြီး ကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်ရန် လက်ဆင့်ကမ်း သင်ကြားပေးခြင်းဖြစ်ကြောင်း ပြုလုပ်နည်းအဆင့်ဆင့်ကို လက်တွေ့ပြသမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းလက်တွေ့ပြသပြီး သင်တန်းသို့ ဌာနဆိုင်ရာ အမျိုးသမီးများ၊ ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင်စားသည့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

 

မျိုးဝင်းညို  ( ကျွန်းလှ)