နေပြည်တော် နိုဝင်ဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ပြုလုပ်သော ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ အားလုံးပါဝင်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အခြေအနေများကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အစီ အမံများရေးဆွဲခြင်း  အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပရာ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း တက်ရောက်အမှာစကားပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနများမှတာဝန်ရှိသူများ၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်နယ်ပယ်မှ ဆရာဝန်များနှင့် အရာထမ်းများ၊ ဆေးတက္ကသိုလ်များ၊ ဆေးနှီးနွှယ်တ က္ကသိုလ်များနှင့် သူနာပြုသင်တန်းကျောင်းများမှ ဆရာဝန်များ၊ သွားဘက်ဆိုင်ရာ ဆရာဝန်များ၊ သူနာပြုများနှင့် တိုင်းရင်းဆေးပညာရှင် ဆရာ/ဆရာမများ၊  တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
  
အလုပ်ရုံ ဆွေးနွေးပွဲကို   နိုဝင်ဘာ  ၁၅ ရက် မှ ၁၇ ရက်အထိ ၃ ရက်တာ ကျင်းပမည်ဖြစ်ပြီး  နိုင်ငံတော်၏ အမျိုးသားကျန်းမာရေးမြှင့်တင်မှုအခန်းကဏ္ဍတွင် အရေးကြီးသော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိအခြေအနေ၏ အားနည်းချက်၊ အားသာချက်များအား သုံးသပ်ဆွေးနွေးပြီး အမျိုးသားကျန်းမာရေး လူ့စွမ်း အားအရင်းအမြစ် မူဝါဒနှင့် လိုက်လျောညီထွေရှိသော အနာဂတ်အစီအမံများ ချမှတ်နိုင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်