မုဒုံ ၈ ဇွန်    

 

    
မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာ၊ အ.မ.က(မူလွန်)ကျောင်း၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊      မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


    
ဟောပြောပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ခင်ဌေးရီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းနှင့် ဝန်ထမ်းများ၊  မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်စန်းနှင့်  ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် ကျေးရွာသူကျေးရွာသားများ၊   အ.မ.က(မူလွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်စိုးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ကြသည်။


    
ဟောပြောပွဲတွင် ဒေါ်ခင်ဌေးရီက အဖွင့်အမှာစကားပြောကြားပြီး၊  မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နံရံကပ်စာစောင်များ၊ ရုပ်ပုံပိုစတာများဖြင့် အသိပညာပေးဆွေးနွေးပြောကြားသည်။ ထို့နောက်    မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်စန်းက ဓာတ်ကြီးလေးပါးနှင့် ပတ်သက်၍ ကျန်းမာရေးသိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး၊ ကျေးရွာအတွင်းရှိ    ကျန်းမာရေးဝေဒနာရှင်များအား ဆေးကုသပေးခဲ့ကြောင်း သိရသည်။


     
မြို့နယ်(ပြန်/ဆက်)

 

၈၈၈