ရန်ကုန် ၁၆ ဇူလိုင်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ IME Foundation and Foton International မှ Negative Pressure လူနာတင်ယာဉ်နှစ်စီး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး ကောင်စစ်ဝန်  Mr. Tan Shu Fu နှင့် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းတို့က အမှာစကားပြောကြားပြီး IME International Co., Ltd မှ Chief Operation Officer ဒေါက်တာညီညီလတ်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း ထံ IME Foundation and Foton International မှ တာဝန်ရှိသူတို့က Negative Pressure လူနာတင်ယာဉ် ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

 

ယနေ့ လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် အသုံးပြုရန်အတွက် IME Foundation and Foton International မှ အမေရိကန်ဒေါ်လာ ၄၃၀၀၀ နှင့် ညီမျှသော Negative Pressure လူနာတင်ယာဉ် နှစ်စီးကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ/ မင်းသစ်(MNA)

 

mdn