ရန်ကုန် ၃ စက်တင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ TERUMO SINGAPORE PTE, LTD (Yangon Branch)မှ အကြောထဲ ဆေးသွင်းရာတွင် ထိန်းညှိပေးသောစက် (Infusion Pumps) (၅)လုံး ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ဆေးသုတေသဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက အမှာစကားပြောကြားပြီး TERUMO SINGAPORE PTE, LTD (Yangon Branch)မှ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေး မန်နေဂျာ ဒေါက်တာ နေမြတ်ထွဋ်က လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းထံ TERUMO SINGAPORE PTE, LTD (Yangon Branch) အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေး မန်နေဂျာဒေါက်တာ နေမြတ်ထွဋ်က အကြောထဲ ဆေးသွင်းရာတွင် ထိန်းညှိပေးသောစက် (Infusion Pumps) (၅)လုံးကို ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ယနေ့လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် TERUMO SINGAPORE PTE, LTD (Yangon Branch)က အမေရိကန်ဒေါ်လာ ၅၀၀ဝ တန်ဖိုးရှိ (Infusion Pumps) (၅)လုံးကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်မင်းလတ် (MNA)


