နေပြည်တော် နိုဝင်ဘာ ၂၅

ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့်  ရှေးဦးအသက်ကယ်ပြုစု ခြင်းသင်တန်း (First Responder Course) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၀ ရက်က နေပြည်တော်ပြည်သူ့ဆေးရုံ ဇမ္ဗူသီရိမြို့ ဆေးရုံဝင်းအတွင်းရှိ အရေးပေါ်အသက်ကယ် သင်တန်းဌာန၌  ကျင်းပသည်။

သင်တန်းသို့ ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏ လူနာတင်ယာဉ်စခန်း (၁၀)ခုမှ လူနာတင်ယာဉ်ဖြင့် လိုက်ပါသည့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ စေတနာ့ဝန်ထမ်း ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး  ကျန်းမာရေး ဝန်ကြီးဌာန၊ အရေးပေါ် ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ ဦးဆောင်၍ အရေးပေါ်ကုသမှု ဆေးပညာရပ်ဆိုင်ရာ အထူးကု ဆရာဝန်များ၊ သူနာပြုများက သင်ကြားပို့ချပေးခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်အတွင်း ဆရာဝန်၊ သူနာပြုများအတွက် အရေးပေါ်ကုသမှုဆိုင်ရာ သင်တန်း(၂)ကြိမ်နှင့် အထောက်အကူပြုဝန်ထမ်းများအတွက် သင်တန်း(၁)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်