နေပြည်တော် နိုဝင်ဘာ ၁၅
ကျန်းမာရေးဝန်ကြီးဌာနသည် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ကျန်းမာရေးစောင့် ရှောက်မှုနယ်ပယ်များ၊ ဆေးသုတေသနနှင့် ဆေးပညာလေ့ကျင့်သင်ကြားရေး နယ်ပယ်များတွင် အတွေ့အကြုံဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ နိုဝင်ဘာ (၁၆)ရက်မှ (၁၉) ရက်အထိကျင်းပမည့် (၂၂)ကြိမ်မြောက် အာဆီယံဟော်မုန်း ဗေဒအဖွဲ့အစည်း၏ ဆေးပညာ ဆိုင်ရာညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံဟော်မုန်းဗေဒဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခဒေါက်တာကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် လေကြောင်းခရီးစဉ်ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြသည်။
အာဆီယံဟော်မုန်းဗေဒ အဖွဲ့အစည်း၏ ဆေးပညာဆိုင်ရာ ညီလာခံသည် အာဆီယံ ဟော်မုန်းဗေဒ အဖွဲ့ဝင်(၇)နိုင်ငံ စုစည်းကျင်းပသော ညီလာခံတစ်ခုဖြစ်ပြီး အဆိုပါ ညီလာခံတွင် မြန်မာနိုင်ငံ ဟော်မုန်းဗေဒဆေးပညာရှင်အဖွဲ့မှ ပါမောက္ခဒေါက်တာ မိုးဝင့်အောင်၊ အထူးကုဆရာ၀န်ကြီး ဒေါက်တာခင်မျိုးအောင် နှင့် အထူးကုဆရာ၀န်ကြီး ဒေါက်တာကြာညိုစိုးမြင့် တို့က အဓိကဟော ပြောသူများအနေဖြင့် ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။
ထိုသို့ ပါဝင်ဆွေးနွေးခွင့် ရရှိခြင်းဖြင့် မြန်မာနိုင်ငံ၏ ဟော်မုန်းနှင့်ဆီးချိုဆိုင်ရာကုသမှု အခြေအနေများကို အာဆီယံနိုင်ငံများအကြား ရင်းနှီးချစ်ကြည်စွာ အမြင်ချင်းဖလှယ် နိုင်မည်ဖြစ်ပြီး ညီလာခံတွင်နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများမှ ဟော်မုန်းဗေဒဆေး ပညာရှင်များမှ နောက်ဆုံးပေါ်ကုထုံးများ/ သုတေသနတွေ့ရှိချက်များကို ဆွေးနွေးတင်ပြကြ မည်ဖြစ်သောကြောင့် ၎င်းညီလာခံမှရရှိသော အချက်အလက်များကို မြန်မာနိုင်ငံဆေးပညာရှင်များအကြား ပြန်လည်မျှဝေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်