ကံမ ၊ ၁၆ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကြို့ပင်ကျေးရွာအုပ်စု၊ အထက်မီးပေါက်ကျေးရွာ၌ မြေသားမိုးရေလှောင်ကန်အား တူးဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြေသားမိုးရေလှောင်ကန်မှာ အလျား ပေ ၁၅၀၊ အနံ ပေ ၁၀ဝ နှင့် အနက် ၆ ပေ ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၂၈ သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အထက်မီးပေါက်ကျေးရွာမှ အိမ်ခြေ ၁၄၇ အိမ်၊ လူဦးရေ ၅၆၄ ဦးတို့နှင့် ကျွဲနွား တိရိစ္ဆာန်များအား အကျိူးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


