ကံမ   ၊ ၁၆   ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊   ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကြို့ပင်ကျေးရွာအုပ်စု၊ အထက်မီးပေါက်ကျေးရွာ၌   မြေသားမိုးရေလှောင်ကန်အား   တူးဖော်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ  မြေသားမိုးရေလှောင်ကန်မှာ   အလျား ပေ ၁၅၀၊ အနံ ပေ ၁၀ဝ နှင့် အနက် ၆ ပေ ရှိပြီး     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်    တိုင်းဒေသကြီးအစိုးရအဖွဲ့  ခွင့်ပြုရန်ပုံငွေ ကျပ်  ၁၂၈   သိန်းဖြင့်     ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  အထက်မီးပေါက်ကျေးရွာမှ အိမ်ခြေ ၁၄၇  အိမ်၊ လူဦးရေ ၅၆၄ ဦးတို့နှင့်  ကျွဲနွား တိရိစ္ဆာန်များအား အကျိူးပြုနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ကျော်ဇေယျဝင်း(ကံမ)